Wednesday, June 4, 2008

ဒီမိုကရေစီကျင့်သုံးရာမှာ ရှိအပ်တဲ့ စိတ်သဘောထား

The Mentalattitudes Needed To Practice Democracy
1. A Willingness to Listen: A democrat is always willing to listen and carefully consider other points of view and the opinions of other people.
2. A Tolerance for Difference: A democrat is tolerant of people who are different from him. A democrat never mistreats people just because they are from a different ethnic group, or a different nation, or practice a different religion or hold different political opinions.A democrat is tolerant of differences.
3. An Ability to Compromise:
A democrat does not always insist on getting his own way;he can compromise with others so that the group can come to a decision.
4. An Ability to be a Good Loser: A democrat is always prepared to accept defeat in a free election and to peacefully abide by the decision of the majority.
5. A Spirit of Resistance: A democrat is always ready to resist any attempt by the government to take away his human rights. A democrat will never stop resisting until he has a government that respects human rights, holds free elections and governs by rule of law.To help democracy come to Burma faster, each person should attempt topractice these five attitudes in their life.

တွေးကြည့်ပါ

တွေးကြည့်ပါ
ရေမြေတွေခြားကံကြမ္မာ ခွဲခြားလေတော
့ဒသနတွေထုတ်ပြစရာဘာမှမရှိလေတော့
ငါ့မှာကြင်နာတရား မရှိလေသလား?
ရင်နှင့်အမျှ သိပ်ချစ်တယ်ဆို
မင်းပြောစကား မှားသွားပြီလား
အချိန်နှင့်အမျှ သတိရတာတွေ
မင်းစကားသံတွေမကြားရတော့
ရင်နာသလိုလို အတွေးတွေ အိုနေပြီ
ကောင်းကင်ကလမင်း
အလင်းတွေပြောက်သွားခဲ့သလို
တစ်မျိုးလေးခံစားရတယ်
မင်းရဲ့ ကြင်နာ အလင်းတန်းတွေ
ငါ့ဘဝ ထဲမှ ရုတ်သိမ်း
အပြုံးတွေဟာပျောက်ဆုံးသွားလေတော့
မင်းရင်ထဲမှာတော့
ငါမသိငါမချိအောင်ခံစားနေရတယ်
နောင်ဘဝဆိုတာ မလိုချင်ဘူး
ဆယ်ဘဝလဲ မချစ်နဲ့တော့
ငါ့မှာနောင်တ အခုမှ ရသွားပြီ
ချိုချို နွဲ့နွဲ့ ပျားရည်စက်လို့ထင်ခဲ့တာကို
ပေါင်တိုကြီးကို မြင်ယောင်မိမှ
ပဒုမ မင်းသားကို သနားမိတယ်
ရာမဇာတ်တော်ထဲက
ဒဿနောင်တတွေမရခဲ့ဘူးလား
တာနောယက္ခရေ
မင်းနဲ့ငါဘာတစ်ခုမှ မတူပေမယ့်
၂၀၀၈ ရဲ့နောင်တ
ငါတစ်ယောက်ထဲ ပိုင်ဆိုင်ပါရစေ…။

ဒီမိုကရက်တစ်ပါတီ(Democratic)

ဒီမိုကရက်တစ်ပါတီ(Democratic)အမေရိကန်ပြည်ထောင်စုတွင် အလဲအလှယ်နှင့် အာဏာယူလျက်ရှိသော အဓိကပါတီကြီးနှစ်ခုမှာ ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ဗလီကင်ပါတီဖြစ်သည်။ဒီမိုကရက်တစ်ပါတီသည် ၁၇၈၇ တွင် ပြည်ထောင်စုဝါဒီများကို ဆန့်ကျင်လျက်အတိုက်အခံပါတီအဖြစ် စတင်ပေါ်ပေါက်ခဲ့သည်။ပြည်ထောင်စုအစိုးရ၏ အာဏာများကိုထိန်းချုပ်ကန့်သတ်ရန် ရည်ရွယ်ချက်ထားရှိခဲ့သည်။မူလနာကည်မှာ “ဒီမိုကရက်တစ် ရီပတ်ဗလီကင်”ပါတီ၊သို့မဟုပ်”ရီပတ်ဗလီကင်ပါတီ”ဟူ၍ဖြစ်သည်။နောင်သောအခါတွင်မှ မူလ ရီပတ်ဗလီကင်ပါတီကွဲသွားရာ ခွဲထွက်သူများက ရီပတ်ဗလီကင်ပါတီဟူသော အမည်ကိုဆက်လက်သုံးစွဲလျက် ကျန်နေခဲ့သူများကဒီမိုကရက်တစ်ပါတီဟု သတ်မှတ်ခေါ်တွင်စေခဲ့သည်။ရီပတ်ဗလီကင်အမည်ကို ဆက်လက်သုံးစွဲ၍ ခွဲထွက်ကြသူများမှာ ဗဟိုအစိုးရက အခွန်အကောက်နှုန်းမြင့်မြင့်မားမားကောက်ခံသင့်သည်ဟုယူဆကြသူများဖြစ်သည်။မကွဲမီ ရီပတ်ဗလီကင်ပါတီ၏ခေါင်းဆောင်မှာ သောမတ်ဂျက်ဖာဆင်ဖြစ်ပြီး၁၈၀၁ မှ ၁၈၀၉ အထိ သမ္မတဖြစ်ခဲ့သည်။၁၈၁၇ မှ ၁၈၂၅ အထိကို”ညီညွတ်ရေးစိတ်ထားကာလ”ဟု သတ်မှတ်ခဲ့ကြရာ အမည်ညံယူကြသောအုပ်စု၏ ခေါင်းဆောင်မှာ အင်ဒရူးဂျက်ဆင်(၁၈၂၉-၃၇ သမ္မတ)ဖြစ်သည်။မျက်မှောက်ခေတ် ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ဗလီကင်ပါတီတို့မှာ နိုင်ငံရေးသဘောတရား အခြေခံအားဖြင့် ကြီးမားစွာကွဲပြားခြားနားမှုမရှိ။နှစ်ခုစလုံးသည် အရင်းရှင်ပါတီများပင်ဖြစ်ကြသည်။ဒီမိုကရက်တစ်ပါတီက စီးပွါးရေးလုပ်ငန်းများ၊လူမူရေးလုပ်ငန်းများတွင် အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုကိုလျှော့ချလိုပြီး ရီပတ်ဗလီကင်ပါတီက အစိုးရ၏အခန်းကဏ္ဍပိုမို၍ ကျယ်ပြန့်စွာ တိုးချဲ့လိုခြင်း၌သာ ကွဲပြားမှုရှိသည်။

သီတဂူဆရာတော်

သီတဂူတဲ့ နာမည်ကြား
လေးစားလောက်ပါတဲ့ဆရာတော်
ဇမ္ဗူတစ်ခွင်မှာ ပြည်သူတွေ ဒုက္ခရောက်ရင်
မနေမနားကျိုးစားပါတဲ့ ဆရာတော်
လူသားတွေကို သနားလို့ဒါနတွေပေး
ပညာတွေလှူလို့စိတ်နှလုံးမှာ
ရွှင်ပြုံးနေတဲ့သီတဂူတဲ့
ဆရာတော်အကျော်အမော်တွေကြား
ဆရာတော်များနှင့် မတူတဲ့ထူးခြားပါတဲ့
သီတဂူလူမိုက်တို့သွားရာလမ်းကိုအမှန်တရားတွေနဲ့
ဖော်ပြလို့ဧကရာဇ် မင်း၏
ဘဝနိဂုံး တပည့်တော်များရဲ့အသည်း
စွဲလမ်းနေပါတဲ့ဆရာတော်ရဲ့
တရားတော်တွေအမှန်တရားကို
လိုလားတဲ့သီတဂူတဲ့ ဆရာတော်
ပြည်သူတွေအသဲမှာသီတဂူလို့
တည်ထားလို့ဆရာတော် ဘုရားကြီးကို
တမ်းတနေကြလေရဲ့ကြီးမာလွန်းတဲ့
ဆရာတော်ရဲ့ ဂုဏ်ပုဒ်နှိုင်းပြစရာ
အတူမရှိလို့ဘုရားတပည့်တော်မှာ
အသိဥာဏ်မကြွယ်သိတန်အငယ်လေးနဲ့
ရိုသေမြတ်နိုးရှိခိုးဦးချလိုက်ပါ၏ဘုရား။

မျှော်လင့်ချက်တွေရှင်သန်ဖို့ ၁၁ လပိုင်းကို မျှော်ကြစို့

၁၃၅၀ ပြည့် အရေးတော်ပုံနှင့်တဆက်တစပ်တည်းအာဏာရ စစ်အုပ်စု ထိပ်သီး ဘယ်တော့မှမေ့ မရတဲ့သမိုင်းတရားခံကြီးတွေပါ မှတ်ထားလိုက်နော်မဆလပါတီ ဥက္ကဋ္ဌ နေဝင်းနိုင်ငံတော် သမတ စန်းယုဗိုလ်မှူးချုပ် စိန်လွင်ဒေါက်တာ မောင်မောင်နဝတဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီး စောမောင်နအဖဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးသန်းရွှေဗိုလ်ချုပ်မောင်အေးဗိုလ်ချုပ်ခင်ညွန့်ဒီလိုကောင်တွေကို ကျွန်တော် ဘယ်တော့မှမမေ့ဘူးဗျာကောင်းတဲ့ ကောင်ဘယ်နှစ်ယောက်ပါလဲ သမိုင်းကိုပြန်ကြည့်ကြပါ သူထိုက်နဲ့ သူကံ သွားတဲ့ လူတွေသွားပြီကျန်တဲ့လူတွေလဲ နီးနေပြီ (နိုဝင်ဘာ) ကျွန်တော်ကြားနေတဲ့စကားတစ်လုံးရှိတယ် ဗျို လက်ဆောင်ပေးလက်မယ်၂၀၀၈ ရဲ့ ၁၁ လပိုင်းမှာ စစ်အစိုးရပြုတ်ကြမှာလားနောက်တစ်ဦးပဲတက်မှာလား အာဏာရှင်စနစ် နိဂုံးချုပ်မှာလား တစ်ခုခုတော့ အပြောင်းအလွှဲ ဖြစ်မယ်ဗျအားလုံးကို အကြောင်းကြားပေးပါ စနေဂြိုလ် နဲ့ အင်္ဂါဂြိုလ်အခုညတွေမှာပြိုင်နေပါတယ် အင်္ဂါဂြိုလ် သာနိုင်သွားလျှင်စစ်အစိုးရ သက်ဆိုးရှည်အုံးမယ်ဗျို၊စနေဂြိုလ်သာနိုင်လျှင် ပြည်သူတွေ နိုင်မယ်ဗျို ပြည်သူတွေနိုင်ဖို့အချေနေကောင်းနေပါတယ် လိုက်ပြောလိုက်ဗျာ ………..၂၀၀၈ .၁၁ .လပိုင်းမှာ အပြောင်းလွှဲတွေဖြစ်တော့မယ်ခင်ဗျာပျော်စရာ ဒီမို ကရေစီ အင်အားစုတွေအနိုင်ရတော့မှပါခင်ဗျားမျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတဲ့ ပြည်သူတွေ ဒီမိုကရေစီဖော်ဆောင်ဖို့ ကြိုးစားကြရင်း ၂၀၀၈ . ၁၁ လပိုင်းကို မျှော်လင့်ကြစို့နက္ခတ်ကြည့်တက်သောသူတွေ ကြည့်လိုက်ပါ သိသွားပါလိမ့်မယ်ရွှေညာသားကတော့ ကြိုးစားရင်း မျှော်လင့်နေပြီ မိတ်ဆွေတို့ သူငယ်ချင်းတို့အမှန်တရားကိုလိုလားသူတိုင်း ပျော်ရွှင်ဖို့ အချိန် နီးနေပြီလို့ ရွှေညာသားအားလုံးကို သတိပေးလိုက်ပါတယ် ကဲအားလုံးပျော်ရွှင်စို့။။။။။။ရွှေညာသား

စက္ကူထဲက ပြယုဂ်များ

စက္ကူထဲက ပြယုဂ်များ

“ မေ”ဝတ္ထုဟာ
နုနယ်သေးလှ
ချစ်နှမတွက်
တစ်သက်မှတ်ဖို့
ဖတ်သင့်တယ်…….။
ကြည်အေးရဲ့ “မီ”
ချစ်ပလီလို
သနားမှုစုံ
ရင်ခွင်လုံလဲ
ကံကြမ္မာချစ်
ခါခါနစ်လို့
နေလောင်ပန်းလေးကြွလွှင့်ရှာ…….။

ပန်းခရေကောက်
အခြောက်မပါ
လန်းဆန်းပန်းပွင့်
သီကုံးတင့်လို့
ချစ်နှမလေး
ဖြူဖြူဖွေးရေ
ပျိုစင်လေးလှ
ဈေးမကျအောင်
ကြည့်တတ်ဖတ်တတ်
အနေတတ်ဖို့
တန်ဖိုးမြှင့်တင်
အလှစင်……။
ချစ်တူမလေးဇင်ဝေလွင်သို့…..။
မောင်လေးလှိုင် (လပွတ္တာ)

မကြာင်ခင်အောင်ပွဲဆင်မည်

မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်ကလွတ်မြောက်ဖို့ဆိုရင် ကျွန်တော်တို့တတွေ စုစည်းမိဖိုလိုပါတယ်၊ စည်းလုံးဖို့လည်းလိုပါတယ် စုစည်းဖို့ဆိုတာကလည်း ...