Friday, November 28, 2008

မကြာင်ခင်အောင်ပွဲဆင်မည်

မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်ကလွတ်မြောက်ဖို့ဆိုရင်
ကျွန်တော်တို့တတွေ စုစည်းမိဖိုလိုပါတယ်၊
စည်းလုံးဖို့လည်းလိုပါတယ် စုစည်းဖို့ဆိုတာကလည်း
စည်းရုံးရေးသမားရှိမှဖြစ်မယ်၊
စည်းရုံးရေးသမားမှာလည်း လိုအပ်ချက်တွေများလွန်းတယ်ဗျာ
အားလုံးပဲ ရောက်ရာအရပ်ရောက်ရာ နေရာကနေ
ကျရာတာဝန် ထမ်းဆောင်ကြမှဖြစ်တော့မယ်နော်
ပါးစပ်ကပြောနေလည်း နဲ့နဲ့တော့ထူးပါတယ်ဗျာ
သို့သော်
ပြည်တွင်းအားကို ဖြည့်ဆည်းပေးကြပါလို့ တိုက်တွန်းချင်ပါတယ်၊
ဒီလိုဘာ့ကြောင့်ပြောရလည်းဆိုတော့
ဒီမိုကရေစီရေးမှာ ပြည်သူလူထုသာလျှင် အဓိက ကျနေလိုပါဗျာ
ဒီမိုကရေစီဆိုတာ ပြည်သူတွေရွေးကောင်တင်မြှောက်မှာလေ
လူထုတစ်ရပ်လုံးပါဝင်မှ ရမှာပါဗျာ ဒါ့ကြောင့် ပြည်တွင်းက
ပြည်သူလူထုကို ကယ်တင်စောင်မ ကြည့်ရှုစေချင်ပါတယ်
လူထုတစ်ရပ်လုံးကလည်း မကြာခင်အောင်ပွဲဆင်ဖို့ပြင်ဆင်နေကြောင်း
သတင်းကောင်းပါးအပ်ပါတယ် ဒီမိုကရေစီလိုလားသူ ပြည်သူအပေါင်းတို့ခင်ဗျား
ကြိုးစားလျှက် အမှန်တရားကိုလိုလားတဲ့ ရွှေညာသား

Sunday, October 26, 2008

အမြင့်မြတ်ဆုံးလူတွေကြဆုံးခဲ့ကြတယ်


ဇာစနစ်ဆန့်ကျင်ရေးတိုက်ပွဲထဲက အမျိုးသမီးကဗျာဆရာ
ရုရှားနိုင်ငံက ဒုတိယမြောက်အလက်ဇင်ဒါဘုရင် (၆၂နှစ်)ဟာ ၁၈၈၁ခုနှစ်မတ်လ ၁၃ ရက်နေ့မှာ ဗုံးနဲ့အပစ်ခံရတော့ ခြေပြတ် ဗိုက်ပေါက်ပြီး လူရုပ်မပေါ်ဘဲသေသွားခဲ့ပါတယ်။
ဒီလိုလုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်သူတွေထမှာ ပညာတက် အမျိုးသမီးတစ်ယောက်ပါတယ်ဆို
ရင် အံ့သြကောင်းအံ့သြကြလိမ့်မယ်၊ သူ့ကိုမလိုလားတဲ့ သက်ဦးဆံပိုင်စနစ်လိုလားသူ
တွေက သူ့ကို “ဗယ်ရာဖစ်ဂ်နာ (Vera Nikolarvna Figner)ဟာ အမျိုးသမီးမဟုတ်ဘူး
သူရဲတစ္ဆေဖြစ်တယ်”လို့ပြောကြတယ်။
ဗယ်ရာနီကိုလက်ဗ်နာ ဖစ်ဂ်နာ (၁၈၅၂-၁၉၄၂) ဟာ ၁၉ ရာစုနှစ်အကုန်ပိုင်းက ရုရှားဓနရှင်
ပေါက်စ ပညာတက်များရဲ့ ဇာစနစ်တော်လှန်ရေးမှာ ခေါင်းဆောင်ပါဝင်ခဲ့သူဖြစ်တယ်၊
သူမရေးခဲ့တဲ့ “တော်လှန်ရေးသမားတစ်ဦး၏မှတ်တမ်းများ ” စာအုပ်ကြောင့် နာမည်ရခဲ့တဲ့
ဗယ်ရာညဗစ်ဂ်နာဟာ အထက်တန်းလွှာများတက်တဲ့ ကျောင်းတွေမှာ ပညာသင်ခဲ့ပြီး
ဆွစ်ဇာလန်နိုင်ငံမှာ ဆေးပညာသင်ကြားခဲ့ပါတယ်၊၊
သူမဟာ ၁၈၇၆ ခုနှစ်ကစပြီး စိန့်ပီတာစဘာ့ဂ်မြို့တော်ကို ရောက်လာပါတယ်၊ အဲဒီမှာ
သူမဟာ ဇာဘုရင်ကို တော်လှန်လိုတဲ့ အသိုင်းအဝိုင်းတစ်ခုနဲ့ ထိတွေ့မိပြီး မြောက်ပိုင်း
တော်လှန်တဲ့ နာရောဒ်နစ်ခ်အစု (North Revolutionary Narodnik Group) မှာပါဝင်
ခဲ့တယ်၊ ဒီအဖွဲ့ရဲ့ နာမည်ကိုနောင်မှာ မြေယာနှင့်လွတ်လပ်ရေးအဖွဲ့ (Land and Freedom)လို့ ပြောင်းခဲ့ပါတယ် ၊ ၁၈၇၉ ခုနှစ်မှာ ဒီအဖွဲ့ ကွဲ့ပြန်တော့ သူမဟာ
ပြည်သူ့ဆန္ဒ အဖွဲ့ (People’s Will)မှာ အလုပ်အမှုဆောင်ဖြစ်လာပါရော၊ ဒါတင်မက
သူမဟာ စစ်ရေးခေါင်းဆောင် တဦးလည်းဖြစ်လာပါတယ်၊ အဲဒီနောက်သူဟာ မြေအောက်
သဏ္ဌာန်နဲ့ နေထိုင်လှုပ်ရှားခဲ့ပြီး ဇာဘုရင်ကိုလုပ်ကြံဖို့အတွက် စီစဉ်ရာ မှာပါခဲ့ပါတယ်၊
ဇာဘုရင်အသတ်ခံရပြီးနောက်မှာ သူတို့အဖွဲ့ဝင်တွေ သေဒဏ်အပေးခံရသူခံရ၊ ထောင်အချ
ခံသူခံရနဲ့ အဖွဲ့အစည်းဟာ အင်မတန်ချည့်နဲ့သွားတော့ သူမဟာဒီအဖွဲ့ကို ပြန်လည်စုစည်းဖို့
လုံးပမ်းပါတယ်၊ ဒါပေမယ့် မအောင်မြင်ပါဘူး ။ သစ္စာဖောက်တစ်ဦးရဲ့ လက်ထောက်ချ
မှုကြောင့် ၁၈၈၃ ခုနှစ်ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အဖမ်းခံရပါတယ်၊ ၁၈၈၄ ခုနှစ်မှာ
သူမကို သေဒဏ်ချမှတ်ခဲ့ပေမယ့် နောက်တော့ ထောင်ဒဏ်တစ်သက်တကျွန်းအဖြစ်
ပြန်ပြောင်းချလိုက်ပါတယ်။
ဒီနောက် ၁၈၈၄ခုနှစ်ကနေ ၁၉၀၄ ခုနှစ်အထိ သူမဟာ ခံတပ်ကြီးတစ်ခုအတွင်းမှာအနှစ်
နှစ်ဆယ်လုံးလုံးတဦိးတည်း တိုက်ပိတ်ထားတာ ခံခဲ့ရပါတယ်၊ ၁၉၀၆ ခုနှစ်မှာ သူမဟာ
ပြည်ပကိုထွက်သွားပြီး ရုရှားနိုင်ငံအတွင်းက နိုင်ငံရေးအကျဉ်းသားများအတွက် လှုံ့ဆောင်
တိုက်ပွဲဝင်ခဲ့ပါတယ်၊ ၁၉၀၇-၁၉၀၈ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသားတွေ ပြည်ပရောက်တွေ
အားလုံးကို လွတ်ငြိမ်းခွင့်ပေးရေးကော်မတီ ဥက္ကဌ နဲ့ ယဉ်ကျေးမှု နှင့်လွတ်လပ်ရေး
အသင်းမှာ ဒုဥက္ကဌ တာဝန်ယူခဲ့ပါတယ်၊၊
ဇာဘုရင်စနစ်ကို တော်လှန်ချုပ်ငြိမ်းစေတာမဟုတ်ဘဲ ဇာဘုရင်တစ်ယောက်ကိုသာ ချုပ်ငြိမ်းစေတာဖြစ်လို့ သူတို့ရဲ့ လှုပ်ရှားမှုတွေဟာ အဆုံးတိုင်အောင်မြင်မှုမရခဲ့ပါဘူး၊
ဒါပေမယ့် ကိုယ်ကျိုးလုံးဝစွန့်လွှတ်ပြီး သက်ဦးဆံပိုင်ဘုရင်စနစ်ဆိုးကြီးကို တိုက်ခိုက်ခဲ့တဲ့
အမျိုးသမီးတစ်ဦးအနေနဲ့တော့ ဗယ်ရာဖစ်ဂ်နာဟာ စံထားအားကျခြင်းခံရတဲ့ အမျိုးသမီး
တဦးဖြစ်ခဲ့ပါတယ်။
သူရေးခဲ့ဘူးတဲ့ ကဗျာတွေထဲ ကတစ်ပုဒ်ကတော့.........
အမြင့်မြတ်ဆုံးလူးတွေ ကျဆုံးခဲ့ကြတယ်။
အမြင့်မြတ်ဆုံးလူးတွေ ကျဆုံးခဲ့ကြတယ်…
သူတို့ကို လူမနေတော့တဲ့…
နေရာတစ်ခုမှာ လူမသိသူမသိမြှုပ်ထားခဲ့ကြတယ်။
သူတို့အတွက် မျက်ရည်တစ်စက်မှမကြခဲ့ကြဘူး ၊
မသိဘူးတဲ့လက်တွေက သူတို့ကို သင်္ချိုင်းကိုသယ်ပို့ခဲ့တယ်…
လက်ဝါးကပ်တိုင်မရှိ အကာအရံမရှိ သူတို့ရဲ့ဂုဏ်ပြောင်တဲ့
နာမည်တွေကို ဘယ်သင်္ချိုင်းကျောက်ပြားမှာမှ မတွေ့မိ।
သူတို့အပေါ်မှာ မြတ်တွေပေါက်နေပြီး ချည့်နဲ့တဲ့မြတ်ပင်လေး
တပင်ကသာ ၊ ခါးလေးကိုင်းပြီး လျှို့ဝှတ်ချက်တွေ ထိန်းထားတယ်…।
တဦးတည်းသော သတ်သေကတော့ ဒေါသတခြောင်းခြောင်းနဲ့
ကမ်းစပ်ကို ရိုက်ခက်နေကြတဲ့ လှိုင်းလုံးတွေ
ဒါပေမဲ့ ဒီအစွမ်းထက်လှတဲ့ လှိုင်းလုံးတွေတောင်မှ
သူတို့အိမ်တွေဆီိကို နောက်ဆုံးနှုတ်ဆက်စကားတွေ…।
သယ်မသွားနိုင်ခဲ့။ ။

The Noblest Fallen
The noblest have Fallen. They were buried
obscurely in a deserted place.
No tears fell over them.
Strange hands carried them to the grave.
No cross, no enclosures, and no tonb stone tell
their glorious names .
Grass grows over them, a feeble blade
bending low keeps the secret.
The sole witness were the surging waves.
which furiously beat against the ahore,
But even they, the mighty waves could
could not carry farewell greetings to the distant home

Dilemma Action

ဒီနည်းလေးကတော့ ကျွန်တော်သိတဲ့အထဲက ရွေးထုတ်လိုက်တာဖြစ်ပါတယ် တော်တော်ကောင်းတဲ့နည်းလေးပါ၊ သိသလောက်တက်သလောက်တော့ နားလည်သဘောပေါက်အောင်ပြောပြမှာပေါ့ဗျာ..ကျွန်တော်တို့အလုပ်တစ်ခုလုပ်တယ်ဆိုရင် သေချာတိကျဖို့လိုအပ်ပါတယ်၊တိကြဖို့လိုသလို မှန်ကန်ဖို့လဲ လိုပါတယ်၊ အဓိကပြောချင်တာကတော့ အလုပ်တစ်ခုလုပ်ပြီဆိုရင် တိကျမှန်ကန်ဖို့ အများလက်ခံနိုင်မယ့်အလုပ်အများကောင်းကြိုးဆောင်ရွတ်မယ့်အလုပ်မျိုးမှာ ဆိုရင် အခက်ခဲတွေတွေ့ရတက်ပါတယ်အန္တရာယ်တွေများတဲ့အလုပ်မျိုး ဖြစ်နိုင်ပါတယ် ၊ဒါမိျုးတွေ ဖြစ်တော့မယ်ဆိုရင်ကျွန်တော်နည်းလေးတစ်ခုပေးပါရစေ ၊ တက်လို့တော့မဟုတ်ဘူးဗျာ သိတာလေးပါ၊လိုအပ်လာရင်လဲသုံးလိုက်ပေါ့ဗျာ ကြိုက်ရင်လဲမှတ်ထားလိုက်ပေါ့၊ကျွန်တော်ပြောမယ့်နည်းကတော့ (Dilemma Action) လို့ခေါ်ပါတယ်။မြန်မာစကားပုံလေးနဲ့ပြောရမယ်ဆိုရင်တော့ဗျာ ဆုပ်လည်းစူး စားလည်းရူးပေါ့ဗျာ၊ ရန်သူအားနှစ်ခုအနက်မှ တစ်ခုကိုရွေးချယ်ပေါ့ဗျာ ရှေ့တိုးတံပိုး နောက်ဆုတ်လှည်းထုတ်ပေါ့ဗျာဒါမျိုးကဘယ်လိုမှ ကိုပဲ မလှုပ်သာတောဘူး ငြိမ်ခံရတော့မယ် ရင်ဆိုင်ရတဲ့သူကပိုအကြပ်တဲ တွေ့စေမယ့်နည်းပေါ့ဗျာ ၊ ဘာပြုလိုဒီလိုပြောရလဲဆိုတော့ ကျွန်တော်တို့မှာရန်သူတွေရှိတယ်လေ အကောင်းမြင်တဲ့လူကမြင်သလို အကောင်းမမြင်သူကလဲမမြင်ကြဘူးဗျ၊ ဥပမာ လေးနဲ့ရှင်းပြမယ်ဗျာ အနည်းအပါးလေးပါပဲ…………ကျွန်တော်တို့မိသားစုတစ်ခုကိုပဲ ဥပမာပေးကြပါစို့ ဒီမိသားစုလေးဟာ ဗုဒ္ဓဘာသာပဲထားကြပါစို့ အဖေကသားကို အမြင်မကြည်လင်ဖြစ်နေတယ် အပြစ်မရှိ အပြစ်ရှာရိုက်တယ် သားကလဲပြန်တောပြောချင်တယ် သို့သော် အဖေဖြစ်နေတယ်.မပြောသင်ဘူးဒါ့ကြောင့်သားကဘာလုပ်လဲဆိုတော အိမ်က ဘုရားစဉ်ရှေ့မှာ ဘုရားဖူးပြီးဆုတောင်းတယ်ဘုရားတပည့်တော်သည် ဆင်းရဲ့ခပ်သိမ်း ဒုက္ခအပေါင်းမှ ကင်းဝေးရပါလို၏ သူတော်ကောင်းတွေနဲ့သာတွေ့ရပြီး သူယုတ်မာတွေနဲ့ဝေးရပါလို၏ လူတိုင်းလူတိုင်းသတ္တဝါတိုင်း သတ္တဝါတိုင်း ညှင်းပမ်းနှိပ်စက်ချင်းမှ ကင်းဝေးကြပါစေလို့ မေတ္တာပို့တယ်ဘယ်သူကိုမှ မရည်ရွယ်ဘူးပေါ့ဗျာ ၊ ကုသိုလ်လိုချင်စိတ်လေးနဲ့ ဘုရားဖူးတယ်ပေါ့ဗျာအမေနဲ့ညီအစ်ကိုမောင်နှမတွေက သာဓုခေါ်ပါတယ် ငါ့အစ်ကို ငါ့သားလေးကုသိုလ်ကောင်းမှုတွေပြုတယ်ပေါ့ဗျာ၊ ဒါဟာ သူတော်ကောင်းအလုပ် ဘုရားကြိုတ်တဲ့အလုပ် နတ်ကြိုက်တဲ့အလုပ်ပေါ့၊ သို့သော် ကိုယ်အပြစ်နဲ့ကိုယ် သာဓုမခေါ်နိုင်တာကဖအေဖြစ်သူပါ၊ သူအပြစ်နဲ့သူဆိုတော့ သူ့ကိုယ်ရွဲ့တယ်ထင်နေတယ်လေ၊ဒီအကြောင်း နဲ့ပတ်သတ်လို့ ဘာမှမပြောရဲ့ဘူးဗျာ ပြောရင်လဲ ဘယ်သူ့ကိုအပြစ်မြင်မလဲသားကဘုရားဖူးလိုအပြစ်ပြောတယ်ဆိုရင်လဲ မိသားစုကကြေနပ်ပါ့မလား စဉ်းစားကြည့်ပေါ့သူတို့တမိသားစုလုံးကလလဲ ဗုဒ္ဓဘာသာတွေလေ ရိုက်ချင်သော်လဲ ရိုက်လို့မရတော့ဘူး၊သားလုပ်တဲ့သူရဲ့ အလုပ်က အားလုံးလက်ခံတဲ့အလုပ်ဖြစ်နေတယ်လေ. ဒါမျိုးတွေကိုစဉ်းစားလုပ်ကြဖို့ ဥပမာလေးပေးတာပါ ၊ ဥပမာ ပေါ့ဗျာ သေသွားသူရဲ့ အမှတ်တရပွဲလေးလုပ်တယ်ဆိုရင် ဘယ်သူဘာပြောလိုရမှာလဲ ပြောရင်လဲ ဘယ်သူအပြစ်ဖြစ်မလဲမပြောဘဲထားရင်လဲ သူတို့လွတ်ထားရာကြမယ် ဒီတော့ဒီလိုနည်းတွေရှာပြီးလုပ်ဆောင်မယ်ဆိုရင် အကောင်းဆုံးနည်းလေးပဲ နားလည်အောင် ဥပမာ တစ်ခုထပ်ပေးမယ်ဗျာအသက် ၇၀ ကျော် အဖွားတစ်စု လမ်းစည်းကမ်းအတိုင်းမသွားဘဲ ချိုးဖောက်လိုက်မယ်ပေါ့အယောက်ကလဲ ၃၀ ကျော်ပေါ့ စည်းကမ်းအတိုင်းသွားမယ်ဆိုရင်လဲ အဝေးကြီးပေါ့မသွားနိုင်တော့လို့သွားလိုက်ရတယ် ။ ဒါမျိုးကို လမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကအပြစ်ယူမယ်ဆိုရင် အဖွားကြီးတွေကလဲဖြစ်နေတယ် ယူလို့မဖြစ်ဘူးပေါဗျာ ယူလိုက်ရင်လဲ အဖွားကြီးတွေတောင် အပြစ်ယူတယ်ဖြစ်မသွားဘူးလား ဒီသတင်းဟာလူတော်တော်များကို သတင်းပြန့်ပွားစေတယ် ၊အဖွားကြီးတွေတောင်အပြစ်ယူတယ်ဖြစ်မသွားဘူးလား မယူပြန်ရင်လဲ သူတို့ကို အပြစ်ပြောစရာ သွားဖြစ်စေတယ်………..ကိုယ်လုပ်တဲ့ အလုပ်ဟာ ဘယ်လိုမှမလှုပ်သာအောင်ပေါ့ မလှုပ်ရင်လဲမဖြစ် လှုပ်ရင်လဲလူအများ လက်မခံနိုင်စရာဖြစ်သွားအောင်ပေါ့ ၊ ဒါမျိုးအလုပ်တွေအများများလုပ်မယ်ဆိုရင်ခင်ဗျားတို့ လိုချင်တဲ့ ရည်ရွယ်ချက်မြင့်မားတဲ့ အလုပ်တွေဆိုရင် အောင်မြင်မှာဖြစ်ပါတယ်ဒီနည်းမျိုးတွေ အများကြီးရှိပါတယ်ဗျာ ၊ တွေးတောကြပါ စဉ်းစားကြပါ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် အလုပ်တွေဟာ အောင်မြင်မှာ မလွဲပါပဲ……..။နားလည်ရဲ့လား မိတ်ဆွေ သဘောတရားလေးပြောပြမယ်ဗျာ ..တို့တတွေရဲ့ အလုပ်အဖွဲ့ဆိုရင် စည်းလုံးခြင်းကို အချေခံတယ် ညီညွတ်မှုကိုလိုလားတယ် စာပေမြင့်မားတိုးတက်ဖို့အတွက်လဲဖြစ်တယ် စုစုစည်းစည်းလေးဖြစ်အောင်လုပ်နေတယ် ကျွန်တော်က ဖိတ်ခ်ါတယ်ထားပါစို့ ခင်ဗျားတို့မပါဝင်ရင် စုစည်းမှုကိုမလိုလားလို့ပဲ ပါဝင်ပြန်တော့လဲကျွန်တော့်ကိုယ်ပိုင်ဘလော့မှာ နိုင်ငံရေးဘလော့ဖြစ်နေတယ်၊ ဒါမျိုးတွေရေးမှာလဲကြောက်နေရတယ် ၊ တစ်ချို့ဆိုရင် ဒါမျိုးတွေ စဉ်းစားစရာဖြစ်လာတယ်။ဒါမျိုးတွေကိုဆိုလိုချင်ပါတယ် သဘောတရားကိုပြောပြတာပါ အလုပ်တစ်ခုလုပ်လိုက်မယ်ဆိုရင် ဒါမျိုးတွေကို တွေးခေါ်ပြီးလုပ်ကြဖို့အတွက် တိုက်တွန်းတာပါ၊ ရှေ့လဲမတိုးသာနောက်လဲမဆုတ်သာပေါ့ဗျာ ၊ ကျွန်တော်တို့ရည်မှန်းချက်ကြီးအောင်မြင်ဖို့ဆိုရင် အလုပ်လုပ်တဲ့နေရာမှာ နည်းလမ်းကောင်းလေးတွေလိုအပ်ပါတယ် ၊ ကျွန်တော်သိတဲ့နည်းလေးကို အားလုံးသိဖို့ ဘယ်အလုပ်မှာမဆိုအသုံးချလို့ရအောင် စာဖတ်သူတွေအားလုံးကို တင်ပြလိုက်ချင်း ဖြစ်ပါတယ်ဗျာ …..(နည်းလမ်းပုံစံလေး မြန်မာနိုင်ငံ လွတ်လပ်ရေး ရအောင်ကြိုးပမ်းခဲ့ကြတဲ့ ခေါင်းဆောင်တွေကို အမှတ်တရပွဲလေးလုပ်ကြည့်ပေါ့။ကိုလိုနီလက်အောက်ကလွတ်လပ်ရေးရရှိခဲ့တဲ့ရက်တွေ ဘယ်သူအပြစ်ယူမှာလဲ ယူရင်ဘာဖြစ်မလဲ မယူရင် ဘာဖြစ်မလဲ စဉ်းစားကြည့်ပါ ၊…….အများကြီးရှိပါသေးတယ် တွေးခေါ်ပြီးလုပ်ကြပါစေ အောင်မြင်ပါစေ) လို့ဆန္ဒပြုရင်း ချစ်စွာသော စာရှုသူ …………………………………….ကြိုးစားလျှက် အမှန်တရားကိုလိုလားတဲ့ ရွှေညာသား

Wednesday, June 4, 2008

ဒီမိုကရေစီကျင့်သုံးရာမှာ ရှိအပ်တဲ့ စိတ်သဘောထား

The Mentalattitudes Needed To Practice Democracy
1. A Willingness to Listen: A democrat is always willing to listen and carefully consider other points of view and the opinions of other people.
2. A Tolerance for Difference: A democrat is tolerant of people who are different from him. A democrat never mistreats people just because they are from a different ethnic group, or a different nation, or practice a different religion or hold different political opinions.A democrat is tolerant of differences.
3. An Ability to Compromise:
A democrat does not always insist on getting his own way;he can compromise with others so that the group can come to a decision.
4. An Ability to be a Good Loser: A democrat is always prepared to accept defeat in a free election and to peacefully abide by the decision of the majority.
5. A Spirit of Resistance: A democrat is always ready to resist any attempt by the government to take away his human rights. A democrat will never stop resisting until he has a government that respects human rights, holds free elections and governs by rule of law.To help democracy come to Burma faster, each person should attempt topractice these five attitudes in their life.

တွေးကြည့်ပါ

တွေးကြည့်ပါ
ရေမြေတွေခြားကံကြမ္မာ ခွဲခြားလေတော
့ဒသနတွေထုတ်ပြစရာဘာမှမရှိလေတော့
ငါ့မှာကြင်နာတရား မရှိလေသလား?
ရင်နှင့်အမျှ သိပ်ချစ်တယ်ဆို
မင်းပြောစကား မှားသွားပြီလား
အချိန်နှင့်အမျှ သတိရတာတွေ
မင်းစကားသံတွေမကြားရတော့
ရင်နာသလိုလို အတွေးတွေ အိုနေပြီ
ကောင်းကင်ကလမင်း
အလင်းတွေပြောက်သွားခဲ့သလို
တစ်မျိုးလေးခံစားရတယ်
မင်းရဲ့ ကြင်နာ အလင်းတန်းတွေ
ငါ့ဘဝ ထဲမှ ရုတ်သိမ်း
အပြုံးတွေဟာပျောက်ဆုံးသွားလေတော့
မင်းရင်ထဲမှာတော့
ငါမသိငါမချိအောင်ခံစားနေရတယ်
နောင်ဘဝဆိုတာ မလိုချင်ဘူး
ဆယ်ဘဝလဲ မချစ်နဲ့တော့
ငါ့မှာနောင်တ အခုမှ ရသွားပြီ
ချိုချို နွဲ့နွဲ့ ပျားရည်စက်လို့ထင်ခဲ့တာကို
ပေါင်တိုကြီးကို မြင်ယောင်မိမှ
ပဒုမ မင်းသားကို သနားမိတယ်
ရာမဇာတ်တော်ထဲက
ဒဿနောင်တတွေမရခဲ့ဘူးလား
တာနောယက္ခရေ
မင်းနဲ့ငါဘာတစ်ခုမှ မတူပေမယ့်
၂၀၀၈ ရဲ့နောင်တ
ငါတစ်ယောက်ထဲ ပိုင်ဆိုင်ပါရစေ…။

ဒီမိုကရက်တစ်ပါတီ(Democratic)

ဒီမိုကရက်တစ်ပါတီ(Democratic)အမေရိကန်ပြည်ထောင်စုတွင် အလဲအလှယ်နှင့် အာဏာယူလျက်ရှိသော အဓိကပါတီကြီးနှစ်ခုမှာ ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ဗလီကင်ပါတီဖြစ်သည်။ဒီမိုကရက်တစ်ပါတီသည် ၁၇၈၇ တွင် ပြည်ထောင်စုဝါဒီများကို ဆန့်ကျင်လျက်အတိုက်အခံပါတီအဖြစ် စတင်ပေါ်ပေါက်ခဲ့သည်။ပြည်ထောင်စုအစိုးရ၏ အာဏာများကိုထိန်းချုပ်ကန့်သတ်ရန် ရည်ရွယ်ချက်ထားရှိခဲ့သည်။မူလနာကည်မှာ “ဒီမိုကရက်တစ် ရီပတ်ဗလီကင်”ပါတီ၊သို့မဟုပ်”ရီပတ်ဗလီကင်ပါတီ”ဟူ၍ဖြစ်သည်။နောင်သောအခါတွင်မှ မူလ ရီပတ်ဗလီကင်ပါတီကွဲသွားရာ ခွဲထွက်သူများက ရီပတ်ဗလီကင်ပါတီဟူသော အမည်ကိုဆက်လက်သုံးစွဲလျက် ကျန်နေခဲ့သူများကဒီမိုကရက်တစ်ပါတီဟု သတ်မှတ်ခေါ်တွင်စေခဲ့သည်။ရီပတ်ဗလီကင်အမည်ကို ဆက်လက်သုံးစွဲ၍ ခွဲထွက်ကြသူများမှာ ဗဟိုအစိုးရက အခွန်အကောက်နှုန်းမြင့်မြင့်မားမားကောက်ခံသင့်သည်ဟုယူဆကြသူများဖြစ်သည်။မကွဲမီ ရီပတ်ဗလီကင်ပါတီ၏ခေါင်းဆောင်မှာ သောမတ်ဂျက်ဖာဆင်ဖြစ်ပြီး၁၈၀၁ မှ ၁၈၀၉ အထိ သမ္မတဖြစ်ခဲ့သည်။၁၈၁၇ မှ ၁၈၂၅ အထိကို”ညီညွတ်ရေးစိတ်ထားကာလ”ဟု သတ်မှတ်ခဲ့ကြရာ အမည်ညံယူကြသောအုပ်စု၏ ခေါင်းဆောင်မှာ အင်ဒရူးဂျက်ဆင်(၁၈၂၉-၃၇ သမ္မတ)ဖြစ်သည်။မျက်မှောက်ခေတ် ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ဗလီကင်ပါတီတို့မှာ နိုင်ငံရေးသဘောတရား အခြေခံအားဖြင့် ကြီးမားစွာကွဲပြားခြားနားမှုမရှိ။နှစ်ခုစလုံးသည် အရင်းရှင်ပါတီများပင်ဖြစ်ကြသည်။ဒီမိုကရက်တစ်ပါတီက စီးပွါးရေးလုပ်ငန်းများ၊လူမူရေးလုပ်ငန်းများတွင် အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုကိုလျှော့ချလိုပြီး ရီပတ်ဗလီကင်ပါတီက အစိုးရ၏အခန်းကဏ္ဍပိုမို၍ ကျယ်ပြန့်စွာ တိုးချဲ့လိုခြင်း၌သာ ကွဲပြားမှုရှိသည်။

သီတဂူဆရာတော်

သီတဂူတဲ့ နာမည်ကြား
လေးစားလောက်ပါတဲ့ဆရာတော်
ဇမ္ဗူတစ်ခွင်မှာ ပြည်သူတွေ ဒုက္ခရောက်ရင်
မနေမနားကျိုးစားပါတဲ့ ဆရာတော်
လူသားတွေကို သနားလို့ဒါနတွေပေး
ပညာတွေလှူလို့စိတ်နှလုံးမှာ
ရွှင်ပြုံးနေတဲ့သီတဂူတဲ့
ဆရာတော်အကျော်အမော်တွေကြား
ဆရာတော်များနှင့် မတူတဲ့ထူးခြားပါတဲ့
သီတဂူလူမိုက်တို့သွားရာလမ်းကိုအမှန်တရားတွေနဲ့
ဖော်ပြလို့ဧကရာဇ် မင်း၏
ဘဝနိဂုံး တပည့်တော်များရဲ့အသည်း
စွဲလမ်းနေပါတဲ့ဆရာတော်ရဲ့
တရားတော်တွေအမှန်တရားကို
လိုလားတဲ့သီတဂူတဲ့ ဆရာတော်
ပြည်သူတွေအသဲမှာသီတဂူလို့
တည်ထားလို့ဆရာတော် ဘုရားကြီးကို
တမ်းတနေကြလေရဲ့ကြီးမာလွန်းတဲ့
ဆရာတော်ရဲ့ ဂုဏ်ပုဒ်နှိုင်းပြစရာ
အတူမရှိလို့ဘုရားတပည့်တော်မှာ
အသိဥာဏ်မကြွယ်သိတန်အငယ်လေးနဲ့
ရိုသေမြတ်နိုးရှိခိုးဦးချလိုက်ပါ၏ဘုရား။

မကြာင်ခင်အောင်ပွဲဆင်မည်

မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်ကလွတ်မြောက်ဖို့ဆိုရင် ကျွန်တော်တို့တတွေ စုစည်းမိဖိုလိုပါတယ်၊ စည်းလုံးဖို့လည်းလိုပါတယ် စုစည်းဖို့ဆိုတာကလည်း ...